ဓာတ်ဆီဂါလန် ၅ သန်းရောင်းချပေးရန် တင်ဒါခေါ်ယူ

စက်တင်ဘာလ မှ ဒီဇင်ဘာလအတွင်း ဓာတ်ဆီဂါလန်ပေါင်း (၅) သန်းကို ရောင်းချမည်ဖြစ်သဖြင့် ယင်းအတွက် တင်ဒါခေါ်ယူထားကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ကြေညာထားပါတယ်။

၁၂-၉-၂၀၂၃ ရက်နေ့မှစ၍ ဂါလံ ၁ သန်း ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချရာတွင် တစ်ကြိမ်လျှင် ဓာတ်ဆီဂါလံ (၁) သန်းနှုန်းဖြင့် (၅) ကြိမ်ရောင်းချပေးသွားမည်ဖြစ်ရာ တင်ဒါတင်သွင်းလိုသူများအနေဖြင့် နေပြည်တော်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄)တွင် အဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ကြောင်း ကြေညာချက်ထားပါတယ်။

အဆိုပါစက်သုံးဆီများကို စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီတင်သွင်း/ရောင်းချဖြန့်ဖြူးကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များထံသို့ လွတ်လပ်စွာရောင်းချမည်ဖြစ်ပြီး မည်သူမဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ကြောင်း သိရပါတယ်။

Crd