ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းဖွင့်ပေး

22-10-2023 ရက်နေ့ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံးလမ်းရှိ တောင်ကြီးဘူတာ၌ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းအား နိုင်ငံတော် ၀န်ကြီးချုပ်မှ ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။