မောင်တောမြို့၌မီးသတ်တပ်ဖွဲနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ခုနှစ် ၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ နေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲဝင်များက မြိုဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။