ဟံသာမုနိမာရဇိန်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်:ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ ဟံသာမုနိဘုရားကြီးကျောင်းရှိ ဟံသာမုနိမာရဇိန်ဘုရားကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းနှင့် နှစ်(၁၀၀) ပြည့်ပွဲတော်အထိမ်းအမှတ်  မုခ်ဦးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး ကျောင်း၌ ပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ၊ ရှမ်းပြည်နယ်၊  လွိုင်လင်မြို့၊ သာသနာ ဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက  ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ အဖွဲ့ချုပ်ဉက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။