နောက်ဆုံးရ မနက်ခင်း အားကစားသတင်းများ

မန်စီးတီးအသင်းနဲ့ ယခုရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွါဖို့ နီးစပ်နေကြောင်း အေးဂျင့်ရဲ့ ပြောစကားအရ သိရပါတယ်။

စပါးနည်းပြဟောင်း ကွန်တီ ထုတ်ပယ်ခံရအောင် အဓိက လှုံ့ဆော်မှုပြုခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

လီဗာပူးလ်နောက်ခံကစားသမား ရော်ဘတ်ဆန်ကတော့ ၎င်းတို့အသင်းအနေနဲ့ ရာသီကုန်အထိ မည်သည့်အမှားမှ ပြုလုပ်လို့ မရတော့ကြောင်း အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

FFP စည်းမျဉ်းကြောင့် အရေးယူခံရမယ့်ကိစ္စတွေကို ခေါင်းထဲထုတ်ထားပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှင်သန်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အဲဗာတန် နည်းပြ ဒိုက်ချီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်း ဂိုးသမား လိုရစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ယခုတစ်ခေါက် အဲဗာတန်နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်း ဂိုးသမား ဒီဂီယာကတော့ အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ ပြီးခဲ့တဲ့ ပီအက်စ်ဗီနဲ့ ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ် ပွဲစဉ်အတွင်း သောင်းကျန်းခဲ့ကြတဲ့ ပရိသတ်တွေကြောင့် အဆိုပါ ၂ သင်းစလုံးကို တံခါးပိတ်ပွဲစဉ် ကျင်းပဖို့ အပြစ်ပေးထားကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းရဲ့ အရံဂိုးသမား ဟီတန်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လာမယ့် ပွဲစဉ်အတော်များများ အသင်းနဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ နည်းပြ မိုရက်စ်ကို ရာသီကုန်အထိ အချိန်ဆက်ပေးသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

ဘိုင်ယန်အသင်းက နည်းပြဟောင်း နစ်ဂျယ်စမန်းကို ရာထူးမှ မထုတ်ပယ်ခင် မာနေး နဲ့ နစ်ဂျယ်စမန်းအကြား အပြန်အလှန် အငြင်းပွားမှုတွေ ရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Credit