ကလေးဝတွင် CDF အလောင်း ၂ လောင်းနှင့် လက်နက်များသိမ်းဆည်းရရှိ

နိုဝင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကလေးဝမြို့နယ် အောင်ချမ်းသာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် CNF/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ –

-အကြမ်းဖက် CNF/PDF ၂ လောင်း
-အိန္ဒိယနိုင်ငံထုတ် ခါးချိုးသေနတ် ၁ လက်
-လက်လုပ်သေနတ် ၁ လက်
-၅.၅၆မမ ကျည် ၁၅ တောင့်
-အေကေ-၄၇ ကျည် ၃ တောင့်
-အေကေ-၄၇ ကျည်အိမ် ၂ ခု
-ဘီအေ-၉၁ လက်ပစ်ဗုံး ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။