ဧပြီလ ၂၅ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥💥

ကယားပြည်နယ်

ဖားဆောင်းမြို့ မီးသတ်ရုံးသို့ နေရာ ၃ နေရာမှ KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်း ၁၆၀ ဦးခန့်က Drone၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

KNPP/KNDF ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ကျည် ၃၂၅ တောင့်၊ အိုင်ကွန် ၁ လုံး(မကောင်း) သိမ်းဆည်းရမိ။

လွိုင်ကော်မြို့အတွင်း နယ်မြေရှင်းလင်းစဉ် ရင်းနှီးမြှုပ်နှံမှုရုံးအနီးသို့အရောက် KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်း ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

ဖြစ်စဉ်တွင် KNPP/KNDF ၁ လောင်း၊ ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၃၁ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ ဖုန်း ၃ လုံး၊ ဆိုလာ/ဘက်ထရီ ၁ စုံ သိမ်းဆည်းရမိခဲ့။

ကရင်ပြည်နယ်

ကော့ဘိန်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ကော့ပလိုင်ကျေးရွာသို့အရောက် KKO(ခွဲထွက်)နှင့် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

အကြမ်းဖက် ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ အမ်(၄) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်၊ ကျည်ကာဦးထုပ် ၂ လုံး သိမ်းဆည်းရမိခဲ့။

သိန္ဓောစခန်းနှင့်အနီးတစ်ဝိုက်သို့ နေရာ ၄ နေရာမှ အကြမ်းဖက် ၁၆၀ ဦးခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က ၁ ကြိမ်၊ ပေါင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်း ပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

အမ်(၁၄) ၁ လက်သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း

တန့်ဆည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

အကြမ်းဖက် ၁ လောင်း၊ ၄၀ မမဗုံးသီး ၃ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်းရမိခဲ့။

မန္တလေးတိုင်း

မြင်းခြံမြို့နယ် ကုက္ကဲရဲကင်းစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက် ၅၀ ဦးခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

အကြမ်းဖက် ၂ လောင်း၊ လက်လုပ်စနိုက်ပါ ၁ လက်၊ ၁၂ ဘိုးလ် ၁ လက်၊ ကျည် ၁၀ တောင့် သိမ်းဆည်းရမိခဲ့။