မော်လိုက်မြို့နယ်၊ ခါတွန်ကျေးရွာအတွင်းဆန်နှင့်ဆေးဝါးများသိမ်းဆည်းရရှိ

ဩဂုတ် ၂၀ ရက်၊ မော်လိုက်
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ခါတွန်ကျေးရွာ၌
အကြမ်းဖက်များ ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ
တပ်မတော်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သူ ၂၀ ဦးခန့်က
စတင်ပစ်ခတ်တိုက်ခိုက်သဖြင့်လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည်ပစ်ခတ်ခဲ့ရာအကြမ်းဖက်များဆုတ်ခွာသွားခဲ့ပါတယ်.
ဆုတ်ခွာသွားတဲ့ အကြမ်းဖက်များနောက်သို့ တပ်မတော်မှလိုက်လံရှင်းလင်းရာမှာ လမ်းဘေးမှာ
အကြမ်းဖက်များထောင်ထားသည့် မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့်တပ်မတော်ဘက်မှ စစ်သည် ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်..
ခါတွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ-
ဆေးမျိုးစုံ………၁ ဖာ
ဆန်အိတ်……….၈၃ အိတ်
စပါး…………၂၆ အိတ်တို့သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။