တစ်ချိန်က သူရဲကောင်း စစ်သည်ကြီးများ

၇၈ နှစ်မြောက်တပ်မတော်နေ့ကို တက်ရောက်လာကြသူ အရာရှိကြီးများအနက် လွန်ခဲ့သည့် ၄၅ နှစ်ခန့်က. ကျနော့် တပ်ခွဲမှူး ဗိုလ်ကြီး သူရဖုန်းစိန် နှင့် မပခ စစ်ဗျူဟာ စစ်ဦးစီး(တ) ဗက တင်ဝင်း ( ယခု မှုးကြီး ငြိမ်း) တို့ကို ကျန်းမာရွှင်လန်းစွာ တွေ့ရသဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးရပါတယ်။
၁၉၇၇ အောက်၂၃ ရက် ခြူးရွှေပန်ကောက် တိုက်ပွဲတွင် ရန်သူ့လက်နက်ငယ် ဗိုက်ကိုထိမှန် ဒဏ်ရာဗလပွရထားသော်လည်း ” ငါ့ကိုထား
ခဲ့၊ မင်းတို ရှေ့ကိုသာတက်” ဟု အော်ပြောနေသူ ဆရာသမား ဗိုလ်ကြီး ဖုန်းစိန် တစ်ယောက် နိူင်ငံတော်ကချီးမြှင့်ခဲ့သည့် ” သူရ” ဘွဲတံဆိပ်နှင့်ထိုက်တန်လှပေသည်။
အဲဒိတုန်းက သွေးအိုင်ထဲက အမိန့်ပေးသံသည် ကျနော်တိုအတွက်ခွန်အား တစ်ရပ်ပါ။
စစ်ဦးစီးမှူး (တ) ဗက တင်ဝင်း ၁၉၈၅/၈၆ မပခ ဗန်းမော်နယ်မြေတွင် ကေအိုင်အေ ဦးစီးချုပ် အင်ခွန်ဇော်မိုင် တို အပြင်းအထန်လှုပ်ရှားစဉ်
စစ်ဗျူဟာ စစ်ဦးစီးမှူး တစ်ယောက်အနေဖြင့် စစ်မြေပြင်ရုံးလုပ်ငန်းများကို ကျနော်တို့နှင့်အတူ လှုပ်ရှားခဲ့သည်များ ကို ပုံရိပ် အသွင်ပြန်လည်မြင်ယောင် လာမိတော့သည်။
မည်သိုပင်ဖြစ်စေ တိုင်းပြည်အတွက် အသက်စွန့် လှုပ်ရှားခဲ့ရသည်များကို အခုတော့ ကျနော်တိုသည် ကြည်နူးစွာဖြင့် ထိုင်ကြည့်နေသူများသာဖြစ် ကြရသည်။ တိုင်းပြည်အတွက် တပ်မတော်အတွက် သဲတစ်ပွင့်ပမာ ထမ်းဆောင်ခဲ့သော်လည်း ကျေနပ်ရပါသည်ဟု ဆိုရင်း ဂန္ဓဝင်စစ်သည်ကြီးများအတွက် ဂုဏ်ပြုအပ်ပါကြောင်းပြောလိုက်ရပါတယ်…။

#crd