အိန္ဒိယနိုင်ငံသား ၃ ဦးအား CNF ကဖမ်းဆီးသတ်ဖြတ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှီဟာဒေသမှာ နေထိုင်တဲ့
(၁) Biaksuii
(၂) B.Lathafamkima
(၃) Babloo

အမျိုးသမီး ၁ ဦးအပါအဝင် အိန္ဒိယနိုင်ငံသား ၃ ဦးတိုဟာ မတ် ၁၉ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး ရုပ်အလောင်းများကို မတ် ၂၃ ရက်နေ့ မြန်မာဘက်ခြမ်းက တောထဲမှာ ပြန်တွေ့ခဲ့ပါတယ်။

အဆိုပါသူများဟာ Chin National Front (CNF) အဖွဲထံမှ ငွေကြေးရယူပြီး လက်နက်များဝယ်ယူရန် ပျက်ကွက်မှု ကြောင့် CNF အဖွဲက သတ်ပစ်လိုက်တာလို မီဇိုရမ်ရဲတပ်ဖွဲက ဆိုပါတယ်။

CNF အဖွဲများသည် ယခင်က အိန္ဒိယဘက်ခြမ်းတွင် လက်နက်များကို ကိုယ်တိုင်ဝယ်ယူခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရမှုများပြားလာသောကြောင့် အိန္ဒိယပွဲစားများကို ကြားခံထားပြီး လက်နက်ဝယ်ယူမှု များပြုလုပ်လာကြောင်း ရဲတပ်ဖွဲက ဆိုပါတယ်။

CNF အဖွဲ၏ အကြမ်းဖက်လုပ်ရပ်များကို ထိရောက်စွာနှိမ်နင်းသွားမည်ဟုသိရပြီး အစိုးရနှစ်ရပ်ကြား ညှိနှိင်းမှု တွေကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။