မြန်မာနိုင်ငံတွင် BYD လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖွင့်လှစ်ရန် ရည်ရွယ်ထား

လာမည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် BYD လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Earth Renewable Energy Co., Ltd သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ရှန်ဇန်မြို့ရှိ ၊ BYD Shenzhen Headquarter တွင်ပြုလုပ်သည့် BYD ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး တရားဝင် ကိုယ်စားလှယ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် တက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် BYD Distributor တစ်ဦး ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ မြန်မာပြည်၏ လျှပ်စစ်ကား ကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာပြည်သူများအတွက် ယခုလိုကောင်းမွန်သည့် BYD လျှပ်စစ်ကားများ တင်သွင်းခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်ကြောင်းနှင့် လာမည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် BYD လျှပ်စစ်ကားစက်ရုံတည်ဆောက်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း Earth Renewable Energy Co., Ltd မှ တာဝန်ရှိသူက လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင်ပြောကြားခဲ့သည်။