EV ကားတွေကို A bank ဘဏ်က အရစ်ကျစနစ်နဲ့ ရောင်းချမယ်

EV ကားတွေကို A bank ဘဏ်က အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

လျှပ်စစ် EV Car များကို အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ရောင်းချပေးဖို့အတွက် A bank ၊ A Insurance နှင့် Amazing Auto Co., Ltd စသည့် လုပ်ငန်း ၃ ခု ပူးပေါင်းလက်တွဲသည့် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီ လို့ဆိုပါတယ်။

ယင်းကြောင့် Amazing Auto Co., Ltd မှ နောက်ဆုံးပေါ် EV ကားများကို A bank ၏ အရစ်ကျချေးငွေဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဝယ်ယူသည့် မည့်သည့်ကားအမျိုးအစားကိုမဆို လုံခြုံစိတ်ချရသည့် ကားအာမခံအကာအကွယ်များကို A Insurance မှ တစ်ပါတည်း ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

Source; One news