ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်

ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကိုမွေးမြူလို့ရပါတယ်။ ဒီတော့ဘာတွေလုပ်ရမလဲ ကြည့်လိုက်ရအောင်လား။

(၁) ရေများများသောက်ပါ – ခန္ဓါကိုယ်က ဇီဝလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ရေများများသောက်ပေးပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ် အနှံ့ကိုအောက်ဆီဂျင်နဲ့အာဟာရတွေ ပို့ဆောင်နိုင်စေဖို့ပါ။ အသားအရေခြောက်သွေ့တာကင်းစေသလို ဆီးဝမ်းမှန်စေနိုင်ပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ – အဝလွန်တာ၊ ဆီးချိုနဲ့နာတာရှည်ပြဿနာတွေကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ လုံလောက်တဲ့ အိပ်စက်ချိန်ထားရှိပေးပါ။

(၃) လမ်းလျှောက်ပါ – သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာက ခန္ဓါကိုယ် ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

(၄) တရားထိုင်ပါ – စိတ်ဖိစီးမှုကင်းဝေးစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေနိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ချင်သူတိုင်း တစ်ပတ်ကို ၃ ကြိမ်လောက် တရားထိုင်ပါ။

(၅)လေ့ကျင့်ခန်းလုပ်ပါ – တစ်နေ့တာမှာ ပုံမှန် ၁၀ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး စိတ်ရောကိုယ်ပါကျန်းမာစေမှာပါ။

ဆက်လက်ဖတ်ရှုမည်။

(၆) အသီးအနှံတွေများများစားပါ – သစ်သီးတွေမှာ ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝတာကြောင့်နေ့တိုင်း သစ်သီးစားပေးသင့်ပါတယ်။ ဖရဲသီး၊ တရုတ်ဇီးသီး၊ထောပတ်သီး၊ ပန်းသီး၊ သခွားမွှေး၊ ကမ္ဗလာသီး၊ ကီဝီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီးတို့ ပုံမှန်စားပေးလို့ရပါတယ်။

(၇) အချိုလျှော့စားပါ – အချိုစားတာက လိုတာထက်ပိုရင် ကျန်းမာရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ချင်ရင်တော့ အချိုကဲတဲ့ အစားအစာတွေကိုရှောင်ပါ။

(၈)ပြုပြင်ထားတဲ့အစားအစာတွေရှောင်ပါပြုပြင်ထားတဲ့အစားအစာတွေက အငန်ကဲတာကြောင့်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေထဲမှာပါတဲ့ တာရှည်ခံပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။

(၉)ဆေးလိပ် နဲ့ အရက်ဖြတ်ပါ -ဆေးလိပ် နဲ့ အရက်ကကောင်းကျိုးလုံးဝမပေးတဲ့အရာတွေဖြစ်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ချင်ရင် မဖြစ်မနေစွန့်လွှတ်ဖို့ လိုပါမယ်။

(၁၀) ကဖင်းတွေလျှော့ပါ -ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် တန်ဆေး၊လွန်ဘေးပါ။ ဒါကြောင့်ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အခြားသောစားစရာတွေကို အများကြီးမစားပါနဲ့။

ဒီအချက်လေးတွေကိုနေ့စဉ်အလေ့အထလေးတွေဖြစ်အောင် ကိုယ်တိုင်ကနေစပြီး မွေးမြူလို့ တစ်မိသားစုလုံးမှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။