ဆီစက်အတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဧပြီလ ၂၅ ရက်

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် အကြမ်းဖက်များ ခိုအောင်းလှုပ်ရှားမှုမရှိစေရေး နယ်မြေရှင်းလင်းစဉ် စည်ပင်သာကျေးရွာအနီး ဆီစက်အတွင်း၌ အကြမ်းဖက်သူအင်အား ၃၀ ဦးခန့် နေထိုင်သွားသည်ဟု ယူဆရပြီး အောက်ပါပစ္စည်းများ သိမ်းဆည်းရရှိခဲ့-

လက်လုပ်သေနတ် ၁၃ လက်
ကျည် ၅၀ တောင့်
လက်လုပ်ဗုံးသီး ၁၇၈ လုံး
လက်လုပ်ပြောင်း ၁ ခု
ပြောက်ကျားအင်္ကျီ ၁၀ ထည်
ပြောက်ကျားဦးထုပ် ၁ လုံး
PDF လက်မောင်းတံဆိပ် ၁၀ ခု
ဆေးမျိုးစုံ ၁ အိတ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။