မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကံကောင်းချင်ပါသလား
စိတ်ထားကောင်းအောင်သာ
ကြိုးစားပြီးတော့ နေလိုက်ပါ ။

ဘဝတွေ လှချင်ပါသလား
စိတ်ထားလှအောင်သာ
ကြိုးစားပြီးတော့ နေလိုက်ပါ ။

စိတ်ထားကောင်းရင်
ကာယကံ ဝစီကံ မနောကံတွေ
စင်ကြယ်သန့်ရှင်းနိုင်ပါတယ် ။

ကံသန့်ရှင်းစင်ကြယ်ရင်
ဘဝတွေ အဆင့်မြင့်ပါတယ် ။

အေးချမ်းပြီး အဆင်ပြေချင်ရင်
စိတ်ထားလေး ပြင်ပြီးတော့
မျှတတဲ့စိတ်လေး ထားပေးပါ ။

လူတစ်ယောက်မှာ
အဖိုးတန် တဲ့ အရာဟာ
စိတ်ကောင်းရှိတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့်…
လူ့အဖိုးတန် ဖြစ်ချင်တယ်ဆိုရင်

စိတ်ကောင်းတွေများများ
မွေးမြူ ကြဖို့ လိုအပ်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏