ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို၌ နေ့ခင်းဘက် လျှပ်စစ်မီးယာယီပြတ်တောက်မည်

230kV လှော်ကားပင်မဓာတ်အားခွဲရုံတွင် တည် ဆောက်ပြီးစီးသွားသည့် တိုးချဲ့(230/33/11) kV, (150) MVA Bank-1 Tr; နှင့် Bank-2 Tr; တိုအား ဓာတ်အားပိုလွှတ်အသုံးပြုရန် 33kV Main (1,2) တို၏ Bus Crossing ကြိုးများနှင့် Bus (A နှင့် B) Dropper Connection တပ်ဆင်သွားမည်ဖြစ်သဖြင့် မနက်ဖြန် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးထုတ်ပြန်ထားသည်။

ထိုသို လျှပ်စစ်မီး ယာယီပြတ်တောက်မည့် မြို့နယ်များမှာ အင်းစိန်၊မရမ်းကုန်း၊ရွှေပြည်သာ၊မြောက်ဥက္ကလာပ၊ထောက်ကြန့်၊မှော်ဘီ၊လှည်းကူး၊ဖောင်ကြီး၊အင်းတိုင်၊ဒါးပိန်၊မင်္ဂလာဒုံနှင့်ရွှေလင်ပန်းမြို့နယ်များ၏ နေရာအချိုတိုဖြစ်သည်ဟုသိရပြီး လုပ်ငန်းဆောင်ရွက်မှုကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။