ရေးဘီလူး ကြက်မင်းအဖွဲ့မှ အလောင်း/လက်နက်များရရှိ

ဖေဖေဝါရီလ ၁၉ ရက် နံနက် ၇ နာရီအချိန်ခန့်က ရေးမြို့ရှိ ရေးတံတားကြီးတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များအား အကြမ်းဖက်ရေးဘီလူးအဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များမှ လက်နက်ငယ် ၄၀ မမ များဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ ၇ နာရီခွဲအချိန်တွင် ပစ်ခတ်မှု ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်ရေးဘီလူးအဖွဲ့မှာ အထိနာ၍ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ်

  • အကြမ်းဖက် ရေးဘီလူးအဖွဲမှ အလောင်း —၁ လောင်း
  • M-79 ဗုံးပစ်လောင်ချာ —-၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။