မြန်မာဧရာမငါးခူ လန်ဒန်မှာ ဈေးကောင်းရနေ

မြန်မာနိုင်ငံမှ ဧရာမငါးခူက ဈေးအမြင့်နဲ့ လန်ဒန်ဈေးကွက်မှာ ရောင်းချနေရတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ နေ့စဉ်ဈေးကွက်သတင်းလွှာမှာဖော်ပြလာပါတယ်။

ဧရာမ ငါးခူအရွယ်အစားမှာ ၇ ပေရှိကာ ငါးခူတစ်တုံးကို ပေါင် ၃၀ မှ ပေါင် ၄၀ အထိ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဧရာမ ငါးကြီးကို လာရောက်ကြည့်ရှု့သူများပြားခဲ့ပြီး ဈေးနှုန်းမှာ ကြီးမြင့်ပေမယ့် ဝယ်ယူသူများခဲ့တယ်လို့ သိရပါတယ်။

ငါးခူကို အထွေထွေငါးမျိုးစုံ လက်ကားရောင်းချသူတွေကနေတစ်ဆင့် စတိုးဆိုင်သို့ပို့ဆောင်ပေးခဲ့ပြီး ငါးခူက ကီလို ၁၁၀ ရှိကာ မူရင်းမူလမှာ မြန်မာ့ကမ်းရိုးတန်းက ဖမ်းမိခဲ့တာဖြစ်တယ်လို့ စတိုးဆိုင်ပိုင်ရှင်က ဆိုပါတယ်။