ဘောလုံးသမိုင်းမှာ ဆုဖလား အများဆုံးရထားတဲ့ အသင်း ၁၀ သင်း
ကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ ဘယ်ကလပ်အသင်းတွေ ဆုဖလား အများဆုံးရရှိထားသလဲဆိုတာက တကယ်ပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ သိပ်မကြာသေးခင်ကပဲ ရီးရဲလ်မက်ဒရစ်ဟာ ဥရောပထိပ်သီးလိဂ် ၅ ခုထဲက အသင်းတွေထဲမှာ ဆုဖလား ၁၀၀ ပြည့်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးသွားနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ငါးဂိုး သုံးဂိုးနဲ့ အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသိမ်းပိုက်ကာ အသင်းသမိုင်းကြောင်းတလျှောက် ရာပြည့်ဆုဖလားကို ရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ဘောလုံးသမိုင်းထဲက အထင်ကရ ဥရောပကလပ်အသင်းကြီးတွေထဲမှာ ဘယ်အသင်းတွေက ဆုဖလားတွေ အများဆုံးရရှိထားသလဲလို့ မေးခွန်းမေးစရာရှိလာခဲ့ပါတယ်။ ဒါကတော့ ဆုဖလား ၁၀၀ ပြည့် ရီးရဲလ်မက်ဒရစ်ရဲ့နောက်မှာ ဆုဖလား အများဆုံးရရှိထားတဲ့အသင်းတွေအဖြစ် အစဉ်အလိုက် ရပ်တည်လို့နေကြတဲ့အသင်းတွေပါပဲ ဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အသင်းဟာ သမိုင်းကြောင်းတလျှောက် ဆုဖလားအရေအတွက် ဘယ်လောက်များများ ရရှိထားပြီလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။
၁။ ရီးရဲလ်မက်ဒရစ် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၁၀၀
၂။ ဘာစီလိုနာ – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၉၈
၃။ ဘိုင်ယန်မြူးနစ် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၈၂
၄။ ဂျူဗင်တပ် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၇၀
၅။ လီဗာပူး – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၆၈
၆။ မန်ယူ – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၆၆
၇။ အေစီမီလန် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၄၉
၈။ အာဆင်နယ် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၄၈
၉။ ပီအက်စ်ဂျီ – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၄၅
၁၀။ အင်တာမီလန် – ဆွတ်ခူးရရှိထားသော ဆုဖလား အရေအတွက် ၄၃ ခုတို့ပဲဖြစ်ပါတယ်။
crd: