“ရှူးရှဲမျှစ်သုပ်ထောင်း” ထိုင်းစတိုင်

ပါဝင်ပစ္စည်းများ

မျှစ်ချိုနု ပြုတ်ပြီးသား..ပါးပါးလှီးထား
ခရမ်းချဉ်သီး….ပါးပါးလှီးထား
ခရမ်းဂျွတ်သီး..မထူမပါးလှီးထား
ပဲသီး..လက်တစ်ဆစ်သာသာချိုးထား
ပုဇွန်ခြောက်မှုန့်
ပုဇွန်ဆိတ် လှော်ထား
ပြောင်းဖူးပြုတ်…ခြွေထား
မြေပဲပြုတ်…အခွံခွာထား
မြေပဲလှော်
ငပိထောင်း သို့မဟုတ် ကင်ထားသောငပိ
ထန်းလျက်ခဲ
သကြား
ကင်းမွန်ငံပြာရည်
ငရုပ်သီးစိမ်း
ကြက်သွန်ဖြူ

ပထမဦးစွာ ဇောက်နက်နက်ငရုပ်ဆုံထဲသို့
ထန်းလျက်ခဲ
မြေပဲလှော်
ငရုပ်စိမ်း
ကြက်သွန်ဖြူ..ထည့်ကာခွဲခြမ်းထောင်းပါ

နောက်
ငပိထောင်း
သကြား
ငံပြာရည်
ပုဇွန်ခြောက်မှုန့်
ပုဇွန်ဆိတ်လှော်တို့ထည့်ကာ
သံပုရာရည်ညှစ်..အခွံပါထည့်ကာ
ဖွဖွထောင်းပါ

ထို့နောက်
လှီးထားသော ခရမ်းချဉ်သီး ခရမ်းဂျွတ်သီး မျှစ်
ပဲသီးတို့ထည့်ကာရောမွှေပြီး
မြေပဲပြုတ် နှင့်ပြောင်းဖူးပြုတ်ပါထည့်မွှေပါ
ဖွဖွလေး တစ်ချက်နှစ်ချက်ထောင်းပေးပါ
အရသာ ချဉ်ငံစပ်မိမိနှစ်သက်သလိုချိန်ဆထည့်ပြိီး
ပင်စိမ်းရွက်ဖြင့်အလှဆင်ကာ အသင့်စားသုံးနိုင်ပါသည်။