မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

တရားအသိနဲ့ယှဥ် နေပါ

ပိုက်ဆံရှိလို့လည်း မမောက်မာနဲ့
ကင်ဆာရောဂါဖြစ်လာရင်
ပိုက်ဆံဟာ စက္ကူသာသာပါပဲ ။

စာတတ်လို့လည်း မာန်မတက်နဲ့
မေ့တတ်တဲ့ အရွယ်ရောက်ရင်
စာတတ်တာလည်း သနားစရာပါပဲ ။

အဆင်ပြေလို့လည်းမော်မကြွားနဲ့
ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရရင်
သောကတွေ ပိုဖြစ်ရတတ်ပါတယ် ။

ရုပ်လှလို့လည်း မာနမထောင်နဲ့
စိတ်ထားမလှဘူးဆိုရင်
ဘ၀အတွက် လူရာမ၀င်နိုင်ပါဘူး ။

အသာရတုန်းလည်းအနိုင်မကျင့်နဲ့
ကိုယ့်အလှည့်ကျရင်
အဆမတန် ပြန်ခံရတတ်ပါတယ် ။

ပကာသနတွေနဲ့လည်းမပြိုင်ပါနဲ့
အသက်ရှူရပ်သွားပြီးဆိုရင်
တရားရစရာအရမ်းကောင်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏