ဘာစီလိုနာ Vs မန်ယူ ပ-ကျော့ လွဲချော်မည့်ကစားသမားများ

သည်ရာသီရဲ့ ခြေစွမ်းကောင်းပြသထားနိုင်တဲ့ ဥ‌ရောပအင်အားကြီး နှစ်သင်းရဲ့ တွေ့ဆုံမှုက ယူရိုပါလိဂ်ဆိုပေမယ့် အသင်းနှစ်သင်းရဲ့ အစဥ်အလာကြောင့် စောင့်ကြည့် ရင်ခုန်ဖို့ကောင်းနေပါတယ်…
အိမ်ရှင်ဘာစီလိုနာဟာ နည်းပြ ဇာဗီရဲ့ ဦးဆောင်မှုအောက်မှာ အသားကျနေပြီး အထူးသဖြင့်ခံစစ်ပိုင်းက ရေပက်မဝင်အောင် ကျစ်လစ်လွန်းနေပါတယ်….ကွင်းလယ်မှာ စပိန်လူငယ် ဂါဘီ ပက်ဒရီ အတွဲ အထူးခြေစွမ်းပြသနေပြီး တိုက်စစ်က ဂိုးသွင်းနိုင်တာနဲ့ ဘာစီလိုနာ အနိုင်ရပြီလို့တောင် ဆိုရမလိုဖြစ်နေပါတယ်
ပြီးခဲ့တဲ့ လိဂ်ပွဲစဥ်မှလည်း ဗီလာရီးရဲကို ၁ဂိုးသွင်းပြီး ပွဲပြီးဆုံးချိန်ထိ ချေပဂိုးပြန်လည်ပေးခဲ့ရခြင်းမရှိပါဘူး သည်လိုအသင်းရဲ့ ခံစစ်ကို နူးကမ့်မှာ မန်ယူတိုက်စစ်က ဂိုးရဖို့ ကြိုးရမှာဖြစ်ပါတယ်….
အဲရစ်တန်ဟဂ်ရဲ့အသင်းကတော့ လိဒ်နဲ့ပွဲစဥ် မှာ တန်ဟဂ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့အတူ ‌နောက်ကျဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မားကပ်ရက်ဖိုဒ့်ဟာ ဘာစီလိုနာ နောက်တန်းက ထိန်းချုပ်မှုကနေ ဖောက်ထွက်ဖို့ကြိုးစားရမှာပါ..
ဒါပေမယ့် အဲရစ်တန်ဟဂ်ရဲ့ အသင်းမှာ အားနည်းချက်အဖြစ် ဒဏ်ရာရကစားသမားတွေနဲ့အတူ ပွဲပယ်ကစားတွေပါ ရှိနေပါတယ်….ဘာစီလိုနာအသင်းမှာ အသက်၃၄ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပက်ဒရီ ဂါဘီအတွဲနဲ့အတွင်အသင်းရဲ့ defensive midfielder နေရာမှာ ခြေစွမ်းပြနေတဲ့ ဆာဂျီယိုဘူးစ်ကွက် သည်ပွဲကိုလွဲချော်မှာဖြစ်ပြီး သူ့နေရာမှာ ဘယ်သူဝင်ကစားမလဲဆိုတာ စောင့်ကြည့်ရမှာပါ…
တောင်ပံ ကစားသမား အော်စမန်နီဒမ်ဘီလီ လည်း ဒဏ်ရာ ပြဿနာကြောင့် ပ-ကျော့ကို လွဲချော်ဦးမှာပါ

မန်ယူအသင်းမှာတော့ ကီးပလေယာအချို့ လွဲချော်ဖို့ရှိနေပါတယ်…
အဲရစ်ဆင်က အားလုံးသိတဲ့အတိုင်း ကာလရှည် နားရမှာဖြစ်ပြီး ဗန်ဒိဘိခ် ကလည်း ထိုနည်း၄င်းပါပဲ
စကော့တော်မီနေးလည်း ဒဏ်ရာက ပြန်လည်သက်သာလာခြင်းမရှိသေးသလို တိုက်စစ်က အန်သိုနီ နဲ့ မာစီယယ်တို့လည်း
သည်ပွဲ မှာဒဏ်ရာကြောင့်ပါဝင်နိုင်ခြင်းမရှိသေးပါဘူး နောက်တန်းမှာ အားကိုးရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ကလည်း
အုပ်စုပွဲစဥ်တွေမှာ ရခဲ့တဲ့ အဝါကဒ်သုံးကဒ်ကြောင့် ပ-ကျော့ကို လွဲချော်မှာပါ………..ထို့အတူပဲ အငှားခေါ် ယူထားတဲ့

ဆာဘစ်ဇာလည်း ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်တွေမှာ ရခဲ့တဲ့အဝါသုံးကဒ်ကြောင့် သည်ပွဲဥရောပပွဲကို လွဲချော်မှာပါ
ကွင်းလယ်အတွက် ကက်စ်မဲရိုးက ကစားခွင့်ရရှိမှာဖြစ်ပြီး ဖရက်ဒ်နဲ့ တွဲဖို့များပါတယ်

သည်ပွဲကို ဖေဖဝါရီ ၁၆ ရက်မှာ ကစားမှာဖြစ်ပြီး နှစ်သင်းလုံးရဲ့ လက်ရှိ ပုံစံကောင်းတွေကြောင့် ဘောလုံးပရိတ်သတ်များစွာ စောင့်ကြည့်ကြမယ့် ပွဲလည်းဖြစ်ပါတယ်။

crd;

သည္ရာသီရဲ႕ ေျခစြမ္းေကာင္းျပသထားႏိုင္တဲ့ ဥ‌ေရာပအင္အားႀကီး ႏွစ္သင္းရဲ႕ ေတြ႕ဆုံမႈက ယူ႐ိုပါလိဂ္ဆိုေပမယ့္ အသင္းႏွစ္သင္းရဲ႕ အစဥ္အလာေၾကာင့္ ေစာင့္ၾကည့္ ရင္ခုန္ဖို႔ေကာင္းေနပါတယ္…
အိမ္ရွင္ဘာစီလိုနာဟာ နည္းျပ ဇာဗီရဲ႕ ဦးေဆာင္မႈေအာက္မွာ အသားက်ေနၿပီး အထူးသျဖင့္ခံစစ္ပိုင္းက ေရပက္မဝင္ေအာင္ က်စ္လစ္လြန္းေနပါတယ္….ကြင္းလယ္မွာ စပိန္လူငယ္ ဂါဘီ ပက္ဒရီ အတြဲ အထူးေျခစြမ္းျပသေနၿပီး တိုက္စစ္က ဂိုးသြင္းႏိုင္တာနဲ႔ ဘာစီလိုနာ အႏိုင္ရၿပီလို႔ေတာင္ ဆိုရမလိုျဖစ္ေနပါတယ္
ၿပီးခဲ့တဲ့ လိဂ္ပြဲစဥ္မွလည္း ဗီလာရီးရဲကို ၁ဂိုးသြင္းၿပီး ပြဲၿပီးဆုံးခ်ိန္ထိ ေခ်ပဂိုးျပန္လည္ေပးခဲ့ရျခင္းမရွိပါဘူး သည္လိုအသင္းရဲ႕ ခံစစ္ကို ႏူးကမ့္မွာ မန္ယူတိုက္စစ္က ဂိုးရဖို႔ ႀကိဳးရမွာျဖစ္ပါတယ္….
အဲရစ္တန္ဟဂ္ရဲ႕အသင္းကေတာ့ လိဒ္နဲ႔ပြဲစဥ္ မွာ တန္ဟဂ္ရဲ႕ မွန္ကန္တဲ့ လူစားလဲမႈေတြနဲ႔အတူ ‌ေနာက္က်ဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ မားကပ္ရက္ဖိုဒ့္ဟာ ဘာစီလိုနာ ေနာက္တန္းက ထိန္းခ်ဳပ္မႈကေန ေဖာက္ထြက္ဖို႔ႀကိဳးစားရမွာပါ..
ဒါေပမယ့္ အဲရစ္တန္ဟဂ္ရဲ႕ အသင္းမွာ အားနည္းခ်က္အျဖစ္ ဒဏ္ရာရကစားသမားေတြနဲ႔အတူ ပြဲပယ္ကစားေတြပါ ရွိေနပါတယ္….ဘာစီလိုနာအသင္းမွာ အသက္၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ပက္ဒရီ ဂါဘီအတြဲနဲ႔အတြင္အသင္းရဲ႕ defensive midfielder ေနရာမွာ ေျခစြမ္းျပေနတဲ့ ဆာဂ်ီယိုဘူးစ္ကြက္ သည္ပြဲကိုလြဲေခ်ာ္မွာျဖစ္ၿပီး သူ႔ေနရာမွာ ဘယ္သူဝင္ကစားမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ…
ေတာင္ပံ ကစားသမား ေအာ္စမန္နီဒမ္ဘီလီ လည္း ဒဏ္ရာ ျပႆနာေၾကာင့္ ပ-ေက်ာ့ကို လြဲေခ်ာ္ဦးမွာပါ

မန္ယူအသင္းမွာေတာ့ ကီးပေလယာအခ်ိဳ႕ လြဲေခ်ာ္ဖို႔ရွိေနပါတယ္…
အဲရစ္ဆင္က အားလုံးသိတဲ့အတိုင္း ကာလရွည္ နားရမွာျဖစ္ၿပီး ဗန္ဒိဘိခ္ ကလည္း ထိုနည္း၄င္းပါပဲ
စေကာ့ေတာ္မီေနးလည္း ဒဏ္ရာက ျပန္လည္သက္သာလာျခင္းမရွိေသးသလို တိုက္စစ္က အန္သိုနီ နဲ႔ မာစီယယ္တို႔လည္း
သည္ပြဲ မွာဒဏ္ရာေၾကာင့္ပါဝင္ႏိုင္ျခင္းမရွိေသးပါဘူး ေနာက္တန္းမွာ အားကိုးရတဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ကလည္း
အုပ္စုပြဲစဥ္ေတြမွာ ရခဲ့တဲ့ အဝါကဒ္သုံးကဒ္ေၾကာင့္ ပ-ေက်ာ့ကို လြဲေခ်ာ္မွာပါ………..ထို႔အတူပဲ အငွားေခၚ ယူထားတဲ့

ဆာဘစ္ဇာလည္း ဘိုင္ယန္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ရခဲ့တဲ့အဝါသုံးကဒ္ေၾကာင့္ သည္ပြဲဥေရာပပြဲကို လြဲေခ်ာ္မွာပါ
ကြင္းလယ္အတြက္ ကက္စ္မဲ႐ိုးက ကစားခြင့္ရရွိမွာျဖစ္ၿပီး ဖရက္ဒ္နဲ႔ တြဲဖို႔မ်ားပါတယ္

သည္ပြဲကို ေဖဖဝါရီ ၁၆ ရက္မွာ ကစားမွာျဖစ္ၿပီး ႏွစ္သင္းလုံးရဲ႕ လက္ရွိ ပုံစံေကာင္းေတြေၾကာင့္ ေဘာလုံးပရိတ္သတ္မ်ားစြာ ေစာင့္ၾကည့္ၾကမယ့္ ပြဲလည္းျဖစ္ပါတယ္။