နံနက်ခင်းမှာ စားသောက်သင့်တဲ့ အစားအစာများ

နံနက်ခင်းမှာ စားသောက်သင့်တဲ့ နံနက်စာဆိုတာ တနေ့တာ ကိစ္စအ၀၀ကို ရင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ စွမ်းအင်တွေ ပေးစွမ်းမှာ ဖြစ်တာကြောင့် အရေးကြီးလှပါတယ်။ နံနက်စာကို မစားဘဲ လွတ်သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်အောင် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ နံနက်စာအနေနဲ့ ဘယ်လိုစားစရာတွေကို ရွေးချယ်သင့်သလဲ ဆိုတာပါပဲ။

၁။ ဥအမျိုးမျိုး

ဥအမျိုးမျိုးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အရသာကောင်းမွန်တာ မငြင်းနိုင်ပါဘူး။ သိပ္ပံနည်းကျ သုတေသနတွေအရလည်း မနက်စာအနေနဲ့ ဥအမျိုးမျိုးစားသုံးတဲ့အခါ အဆာခံဗိုက်ပြည့်စေတဲ့အတွက် နောက်တနပ်စာမှာစားမယ့် ကယ်လိုရီစားသုံးမှုကို လျှော့ချရာ ရောက်ပါတယ်။ နံနက်ခင်းမှာ စားသောက်သင့်တဲ့ အပြင် တနေ့တာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီးသား ဖြစ်သွားပါလိမ့်မယ်။

သုတေသနတခုမှာဆိုရင် ဥအမျိုးမျိုးကို နံနက်စာအနေနဲ့ စားသုံးသူတွေဟာ ပေါင်မုန့်၊ ဒိုးနပ်မုန့် စားသုံးသူတွေထက် ဗိုက်ဝတဲ့အပြင် ကယ်လိုရီလည်း ပိုနည်းပါတယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်ဟာ အရသာရော အာဟာရပါ ပြည့်ဝပါတယ်။ နံနက်ခင်းမှာ စားသောက်သင့်တဲ့ အစားအစာတစ်မျိုးပါ။ ပရိုတိန်းလည်း ကြွယ်ဝပါတယ်။ ဒိန်ချဉ်ဟာ ဆာလောင်မှုကို ကျဆင်းစေပြီး အဆီ၊ ကာဘိုဟိုက်ဒရိတ် စတာတွေထက် လောင်ကျွမ်းမှုအား ပိုကောင်းပါတယ်။

ဒါ့အပြင် အကျိုးပြုဘက်တီးရီယားများ (Probiotics) များစွာ ပါဝင်ပါတယ်။ ဒိန်ချဉ်ကို ဘယ်ရီသီး၊ ဒါမှမဟုတ် အခြား အသီးအနှံများနဲ့ တွဲဖက်စားသုံးလိုက်ရင် အပြည့်စုံဆုံး နံနက်စာ ဖြစ်သွားပါလိမ့်မယ်။

၃။ ကော်ဖီ

ကော်ဖီဟာ သင့်ရဲ့တနေ့တာကို အကောင်းဆုံး စတင်နိုင်ဖို့ စွမ်းအင်တခုပဲ ဖြစ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့် စိတ်ကြည်လင် နိုးကြားပြီး လန်းဆန်းတက်ကြွစေပါလိမ့်မယ်။ တနေ့ကို ကဖိန်းဓာတ် ၃၈-၄၀၀ မီလီဂရမ် ရရှိရင် အကောင်းဆုံးအာနိသင်ကို ရရှိနိုင်ပါတယ်။ ကော်ဖီရဲ့ ပြင်းအားပေါ်မူတည်ပြီး ခွက်တဝက်ကနေ ၄ခွက်အထိ ဖြစ်နိုင်ပါတယ်။

ကဖိန်းဓာတ်ဟာ ဇီဝဖြစ်ပျက်မှုနှုန်းကို မြန်ဆန်စေတဲ့အပြင် အဆီများကို လောင်ကျွမ်းစေပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ ကဖိန်း ၁၀၀ မီလီဂရမ်ဟာ ၂၄ နာရီအတွင်းမှာ ၇၉-၁၅၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။

၄။ Green Tea

Green Tea ဟာ အဖျော်ယမကာတွေထဲမှာ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ Green Tea မှာလည်း ကဖိန်းဓာတ်ပါဝင်ပြီး တနေ့တာ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။

Green Tea တခွက်မှာ ကဖိန်းဓာတ် ၃၅-၇၀ မီလီဂရမ်ပါဝင်ပြီး ကော်ဖီမှာပါတဲ့ ပမာဏရဲ့ တဝက်ဖြစ်ပါတယ်။ Green Tea ဟာ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေလို့ ဆီးချိုသမားတွေအတွက် သင့်တော်တယ်လို့ ဆိုပါတယ်။

၅။ ချီယာစေ့

ချီယာစေ့မှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ချီယာစေ့ရဲ့ အမျှင်ဓာတ်ဟာ တခြားအမျှင်ဓာတ်တွေထက် ပိုမိုအားကောင်းပြီး အစာခြေလမ်းကြောင်းထဲမှာ ရေကိုကောင်းစွာ စုပ်ယူထားပါတယ်။ ဒါကြောင့် ဗိုက်ပြည့်သလို ခံစားရစေပါတယ်။

ချီယာစေ့သုံးစွဲသူ ဆီးချိုရောဂါရှိသူများမှာ ဆာလောင်မုှကို လျော့ကျစေပြီး သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် ချီယာစေ့တခွက်မှာ ပရိုတိန်း ၄ဂရမ်ပဲ ပါဝင်တာမို့ သူ့ချည်းပဲသီးသန့် စားသုံးဖို့ မသင့်တော်ပါဘူး။ တခြားသော နံနက်ခင်းမှာ စားသောက်သင့်တဲ့ နံနက်စာများနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။

၆။ ဘယ်ရီသီး

ဘယ်ရီသီးဟာ အရသာကောင်းမွန်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ စသဖြင့် ဖြစ်ပါတယ်။ ဘယ်ရီသီးတွေဟာ တခြားအသီးအနှံတွေကကကထက် သကြားဓာတ်နည်းပြီး အမျှင်ဓာတ် ပိုမိုများပြားပါတယ်။

ဘယ်ရီသီးတခွက်စာမှာ ကယ်လိုရီ ၅၀ ကနေ ၈၅ ထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နှလုံးအတွက် ကောင်းမွန်စေပြီး အရွယ်တင်နုပျိုစေဖို့ အထောက်အကူပြုပါတယ်။ ဘယ်ရီသီးတွေကို နံနက်ခင်းမှာ စားသောက်သင့်တဲ့ မနက်စာအနေနဲ့ စားသုံးဖို့ နည်းလမ်းကောင်းကတော့ ဒိန်ချဉ်နဲ့ တွဲဖက်စားသုံးဖို့ပါပဲ။

၇။ နှမ်းကြတ်စေ့

နှမ်းကြတ်စေ့မှာ အမျှင်ဓာတ်ကောင်းစွာ ပါဝင်ပြီး စားသုံးပြီးချိန် နာရီပေါင်းများစွာထိ အဆာခံနိုင်ပါတယ်။ နှမ်းကြတ်စေ့ဟာ အင်ဆူလင်ထိရောက်မှုကို ပိုမိုတိုးတက်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ နှမ်းကြတ်စေ့ နှစ်ဇွန်းစာ (၁၄ ဂရမ်)မှာ ပရိုတိန်း ၃ ဂရမ်နဲ့ အမျှင်ဓာတ် ၄ဂရမ် ပါဝင်ပါတယ်။