စိတ်ကိုပြင်ပြီး ဘဝကိုနေပါ

🌻မနာလိုစိတ် အားကြီးလာပြီဆိုရင်
ကောက်ကျစ် တတ်လာကြတယ်။
🌻ကောက်ကျစ်တဲ့စိတ်
အားကြီးလာပြီဆိုရင်
ယုတ်မာတတ်လာကြတယ် ။
🌻ယတ်မာတဲ့စိတ်
အားကြီးလာပြီ ဆိုရင်
ရက်စက်တတ်လာကြတယ်
🌻ရက်စက်မှု အားကြီးကြီးနဲ့
လုပ်ပြီးဆိုရင် ကြောက်စိတ်
ဝင်လာတတ်ကြတယ် ။
🌻ကြောက်စိတ် အားကြီးပြီဆိုရင်
အယောင်ယောင်အမှားမှား
လုပ်လာကြတယ် ။
🌻အယောင်ယောင်
အမှားမှားတွေ လုပ်ရင်းနဲ့
နောက်ဆုံး ပျက်စီးကျဆုံး
သွားကြတာပါပဲ။
🌻” ဣဿာ မစ္ဆရိယ ” ဆိုတဲ့
မနာလိုဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ် ကိုယ့်ဟာကိုယ်
ဖျက်ဆီးနေတဲ့စိတ်ပါပဲ ။
🌻” ပျက်စီးချိန်တန်လာပြီ ” ဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လို ယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါပဲ ။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ