စီရော်နယ်ဒိုက ယူနိုက်တက်အသင်းဖော်ဟောင်း ၄ ဦးကို အယ်လ်နာဆာပွဲစဉ်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်

ရော်နယ်ဒိုဟာ နှုတ်ဆက်မှုအဖြစ် ယူနိုက်တက်အသင်းဖော်ဟောင်း ၄ ဦးကို အယ်လ်နာဆာပွဲစဉ်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူ ဖိတ်ခေါ်ခဲ့တဲ့သူတွေကတော့ ဘရူနိုဖာနန်ဒက်စ်၊ ဗာရန်း၊ ကက်စ်မဲရိုးနဲ့ မက်ဂွိုင်းယားတို့ဖြစ်ပြီး ကျန်ကစားသမားတွေတော့ မပါဝင်ခဲ့ပါဘူး။ ဖာနန်ဒက်စ်၊ ဗာရန်းနဲ့ ကက်စ်မဲရိုးတို့က သူနဲ့နှစ်ရှည်လများ ကစားခဲ့သူတွေဖြစ်လို့ သိပ်မထူးဆန်းပေမယ့် မက်ဂွိုင်းယားကို ရွေးချယ်ခဲ့တာကတော့ ထူးခြားနေခဲ့ပါတယ်။

#credit