ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဆူဇူကီးကားတစ်စီး မီးလောင်မှု ဖြစ်

ရန်ကုန် ဒဂုံမြို့သစ်( တောင်ပိုင်း )မြို့နယ်၊ အမှတ် (၁၇)ရပ်ကွက်၊ အမှတ်(၂)လမ်းနှင့် မောင်းမကန်ကမ်းသာလမ်းထောင့်၊ နတ်စင်မီးပွိုင့်တွင် ဆူဇူကီးကား မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက SUZUKI BGO 7N/xxxx အဖြူရောင် ကား သည် နောက်ဘီးမှ ဘရိတ်ရှူးငြိပြီး အပူလွန်ကဲရာမှ ဆီတိုင်ကီနှင့် ကား၏နောက်တွင် တင်ဆောင်လာသောဆီပေပါအခွံများသို့မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူးဦးစီးတပ်ဖွဲ့ဝင်(၂၀)ဦး၊ မီးသတ် ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ၊ဆုံးရှုံးမှု တန်ဖိုး ကျပ်နှစ်သိန်းခန့်ဆုံးရှုံးခဲ့ပြီး ယာဉ်မီးလောင်မှုဖြစ်စေခဲ့သည့်ယာဉ်ပိုင်ရှင်အား ဥပေဒနှင့် အညီ အရေးယူနိုင်ရေး ဒဂုံမြို့သစ်( တောင်ပိုင်း )မြို့နယ်မြို့မရဲစခန်းမှ ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။