ပြည်လမ်းတွင် ဓာတ်တိုင်ကို ၀င်တိုက်ပြီး ယာဉ်တစ်စီးအရှိန်လွန်တိမ်း‌မှောက်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်း၊ အေ၀မ်းကားမှတ်တိုင်အနီးတွင် ယမန်နေ့ ညပိုင်းက ယာဉ်တစ်စီးအရှိန်လွန်တိမ်း‌မှောက်မှုဖြစ်ပွားခဲ့ကြောင်း “ရွှေရောင်သမိုင်း” အ ရေး ပေါ်ကယ် ဆယ် ရေးနှင့် လူမှုအထောက်အကူပြုဖွံဖြိုး ရေးအသင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို အရှိန်လွန် ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင််းနှင်သူ အသက် (၄၀) အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။