ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၆၉ ကြိမ်ဖြစ်ပွားခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်အမြန်လမ်းမကြီးတွင် အရှိန်တိုင်းတာတဲ့ စက် ၁၁ လုံးနဲ့ တိုင်းတာပြီး တိုးဂိတ် ၅ ခုကနေ အရှိန်ကျော်လွန်မောင်းနှင်တဲ့ ယာဉ်တွေကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

အမြန်လမ်းမကြီးတွင် ၂၀၂၂ ခုနှစ် ၁ နှစ်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၁၆၉ ခုရှိခဲ့ပြီး ဒဏ်ရာရသူအမျိုးသား ၁၇၅ ဦးနှင့်အမျိုးသမီး ၁၀၅ ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၂၈၀ ဦးနှင့် သေဆုံးသူ အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၆ ဦး စုစုပေါင်း ၅၇ ဦးရှိကြောင်းသိရှိရပါတယ်ရှင်..

မိဘပြည်သူများအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းများကို လိုက်နာပြီး ပူပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်..