ရတ်ချဘူရီတွင် သေဆုံးသွားသောမြန်မာတစ်ဦးက လူ ၁၃ ဦးအတွက် ကိုယ်အင်္ဂါလှူဒါန်းခဲ့

ထိုင်းနိုင်ငံအနောက်ပိုင်း ရတ်ချဘူရီခရိုင်တွင် ယာဉ်တိုက်မှုကြောင့် ခရိုင်ဆေးရုံ၌အသက်သေဆုံးသွား သော အသက် ၂၉ နှစ်ရှိသူ THANT ZIN TUN က သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လူ ၁၃ ဦးအတွက် လှူဒါန်းပေးခဲ့သည်ဟု ရတ်ချဘူရီခရိုင်ဆေးရုံ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့မွန်းလွဲပိုင်က ဖော်ပြထားသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က သန့်ဇင်ထွန်းမောင်းနှင်လာသောမော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်မော်တော်ကားတိုက်မိခဲ့ပြီး ပါထော့ဆေးရုံသိုဆေးကုသမှုခံယူပြီးနောက် မေ့မြောနေသောအခြေ အနေဖြင့် ခရိုင်ဆေးရုံသိုရောက်ရှိလာသည်ဟု ဖော်ပြထားသည်။
ခရိုင်ဆေးရုံမှ ဦးနှောင့်ကိုကွန်ပျူဖြင့်ဓာတ်မှတ်ရိုက်ခြင်း၊ လည်ပင်းရိုးကိုစစ်ဆေးခြင်းများပြုလုပ်ရာတွင် လည်ပင်းအထက်ပိုင်းအရိုးနေရာရွေ့နေသည်ကိုတွေ့ရှိရပြီး လူနာ၏အခြေအနေမှာ အချိန်တိုအတွင်း အသည်းအသန်အဆင့်ကိုရောက်ရှိသွားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုနောက် ဆေးရုံဆရာဝန်အဖွဲက လူနာ၏မိဘဆွေမျိုးများထံဆက်သွယ်ပြီး ကိုယ်အင်္ဂါအလှူခံရန် အသိပေးခဲ့သည်ဟု ဖော်ပြထားသည်။