စားကျက်မြေအတွက် Stylo မြက် စိုက်ပျိုးနည်း

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ စတိုင်လို (၃) မျိုး တင်သွင်း
စိုက်ပျိုးခဲ့ပါသည်။ (Ubon stylo, Shrubby stylo and Hamata stylo) အပင်ပုမျိုး ဖြစ်ပြီး နှစ်ရှည်ခံပင်ဖြစ်သည်။ အမြဲတမ်းစားကျက်များတွင် စိုက်ပျိုးနိုင်ပြီး မျိုးစေ့ကျ အပင်ပြန့်ပွားနှုန်း ကောင်းမွန်သောကြောင့် တစ်နှစ်ထက်တစ်နှစ် အပင်ပွားနှုန်း ကောင်းမွန်ပြီး ခြောက်သွေ့မှုဒဏ်ကိုလည်း ခံနိုင်သည်။
မြေဆီလွှာညံ့ဖျင်းမှုကို ခံနိုင်ရည်ရှိ၍ သဲဆန်သောမြေ၊ အက်စစ်ဆန်သော မြေ၊ ဂဝံဆန်သောမြေများတွင် စိုက်ပျိုးနိုင်
သည်။ အမြစ်ဖွဲ့စည်းမှု ကောင်းမွန်ခြင်း၊ နှစ်ရှည်ခံခြင်းနှင့် မျိုးစေ့ကျပေါက်နှုန်း ကောင်းသောကြောင့် မြေဆီလွှာ
တိုက်စားမှု ကာကွယ်ရေး အစီအစဉ်များတွင် စိုက်ပျိုးနိုင်သည်။
ဉပမာ-လမ်းဘေးဝဲ/ယာ ရေတိုက်စားမှု ကာကွယ်ရန်နှင့် သစ်တောများ မြေဆီလွှာတိုက်စားမှု ကာကွယ်ရန်
စိုက်ပျိုးနိုင်သည်။ စားကျက်မြက်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ လွှတ်ကျောင်းစားကျက်များတွင် (၄) ပတ်ခြား
လွှတ်ကျောင်းနိုင်သည်။ အခြားမျိုးစေ့များနှင့်ရော၍ တစ်ဧက (ဝ.၅-၁) ကီလိုဂရမ်နှုန်း ဖြင့်စိုက်ပျိုးနိုင်သည်။
ရာသီအစောပိုင်းတွင် မျိုးစေ့ထုတ်ရန်ခက်ခဲပြီး ထွက်နှုန်းနည်းသည်။ အာဟာရဓါတ်ပါဝင်မှုမှာ နည်းပါးသော်လည်း
နို့ခမ်းနွားများ၏ စားကျက်လွတ်ကွင်း၌ ကောင်းမွန်သည်။
Ubon Stylo သည် ရွံစေးမြေများတွင် ဖြစ်နှုန်းနည်းသည်။ Hamata stylo နှင့် Shrubby
stylo များကဲ့သို့ ခြောက်သွေ့မှုကို ခံနိုင်စွမ်းမရှိပေ။ ရေဝပ်မှုကို အနည်းငယ်ခံနိုင်သည်။ အလွန်အမင်း
လွှတ်ကျောင်းခြင်းကို ခံနိုင်စွမ်းမရှိပေ။ အခြား စတိုင်လိုများထက် မျိုးစေ့ကျ ဖြန့်ပွားမှုနှုန်းနည်းသည်။ မျိုးစေ့ထွက်
နှုန်း တစ်ဧက (၂၀၀-၃၀၀) ကီလိုထုတ်လုပ်နိုင်သည်။
Hamata stylo သည် အလွန်မင်း လွှတ်ကျောင်းမှုဒဏ်ကို ခံနိုင်သည်။ မျိုးစေ့ထွက်နှုန်းကောင်းပြီး မျိုးစေ့ကျ
ပြန်နှံ့မှုမှာ အခြား စတိုင်လိုများထက် ကောင်းမွန်သည်။ မျိုးစေ့ကို စိုက်ပျိုးသည့်နှစ်မှာပင် ထုတ်လုပ်နိုင်ပြီး
စားကျက်လွှတ်ကျောင်းသော နွား၏ခြေမှတဆင့် (သို့) ရေတို့နှင့်အတူ အခြားနေရာများသို့ ပြန့်နှံ့မှု ပိုမြန်စေပြီး
အပင်ပွားနှုန်းကောင်းသည်။ အခြား စတိုင်လိုများထက် အရသာပိုမို ကောင်းမွန်ပြီး ပိုးမွှားကျရောက်မှုကိုလည်း
ခံနိုင်ရည် ပိုမိုကောင်းမွန်သည်။
Shrubby stylo သည် အသီးသီးရန် အလွန်နှေးသော်လည်း အသီးသီးပြီး နောက်ပိုင်းတွင် အစေ့ကျအပင်
ပေါက်မှုနှင့် ထုတ်လုပ်မှုမှာ မြေသြဇာညံ့သော နေရာများတွင် ရှင်သန်နိုင်သည်။ အရသာရှိမှုမှာ အသင့်အတင့်ရှိပြီး
ခြောက်သွေ့မှုနှင့် ရောဂါကျရောက်မှုကို ခံနိုင်သည်။ မျိုးစေ့ထုတ်ရန် ခက်ခဲသည်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)