ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများ ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည် ဝင်ရောက်

ကရင်ပြည်နယ်အတွင်းရှိ ‌‌ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား KNU၊ KNLA မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့၊ NUG အဖွဲ့ နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်ကာ အဆိုပါ ဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင် ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများ ၊ ခြိမ်းခြောက်ခြင်းလုပ်ဆောင်ခြင်းများကြောင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ရှိသည့်အတွက် ထွက်ပြေးတိမ်း ရှောင်နေသည့် အပြစ်မဲ့ပြည်သူများအား ပြန်လည်နေထိုင်နိုင်ရေးအတွက်အသိပေးနှိုးဆော် ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးမှုများကြောင့် အေးချမ်းစွာပြန်လည်နေထိုင်လိုသည့် ခေတ္တ ထွက်ပြေးတိမ်းရှောင် နေသည့် ဒေသခံတိုင်ရင်းသားများမှာ ဝမ်းသာအားရဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင် သေဘောဘိုးကျေးရွာသို့ အမျိုးသား ၁၈၉ ဦး၊ အမျိုးသမီး ၁၉၉ ဦး၊ ဘလက်ဒိုကျေးရွာသို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ထပ်မံဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မှ ယနေ့ထိ သေဘောဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာများသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံတိုင်းရင်းသား အမျိုးသား ၄၈၃ ဦး၊ အမျိုးသမီး ၅၁၃ ဦး၊ စုစုပေါင်း ၉၉၆ ဦး ရှိပြီဖြစ်ကြောင်း သိရှိရ သည်။

နေ့ညမပျက် ပြန်လည်ကြိုဆို၍ စနစ်တကျလက်ခံလျက်ရှိပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိတယ်လို့သိရပါတယ်။