အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှား

တပ်မတော် စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမ ၊ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel- General Kim Alexey

Rostislavovich က နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ဂါရဝပြု တွေ့ဆုံ

ခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာများအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့်

နည်းပညာ ပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်

သွားမည့် အခြေအနေများ၊ ၊ ယနေ့ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံတိုင်းက အလေးထား

ဆောင်ရွက်လျက်ရှိမှုနှင့် ယခုကဲ့သို့ မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်

ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တို့ကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူ

ပြုနိုင် သည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။

မြန်မာနိုင်ငံပျက်စီးရေးအတွက် အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံအားပေးနေသည့် နိုင်ငံများကို လေ့လာကြည့်ပါက

အကြမ်းဖက် အဖျက်သမားတို့ကို အားပေးနေခြင်းမှာမြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ ပျက်စီးရေးကို ဦးတည်ခြင်းသာ

ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေအစစ်ဖြစ်ပြီး မြန်မာနိုင်ငံ မြန်မာလူမျိုး

ကောင်းကျိုးကိုသာရှေးရှုပြီး အပြန်အလှန်ကူညီမှုပြုလျက်ရှိပါတယ်။ မြန်မာနှင့်ရုရှားနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား

အကြမ်းဖက် တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် သတင်းစကားသည် ပြည်သူများလိုလားသောဆန္ဒကို

အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်

အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးမှုများကိုလည်း အမြဲမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အကြမ်းဖက်မှုဖြစ်စဉ်များ

ပပျောက် လျော့နည်း စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အနှစ်ချုပ်ဆိုရသော် မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြည်

သူတစ်ရပ်လုံးက ကြိုဆိုလျက်ရှိပါကြောင်း ဖော်ပြလိုက်ရပါတယ်   ။