(၅) လကျော်ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၁၇၅၀၀၀၀ ကျော်တင်ပို့ထား

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတဆင့် ပြည်ပသို ရေထွက်ကုန် တင်ပိုမှုအနေဖြင့် တန်ချိန် (၁၇၅၀၀၀၀) ကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန်တင်ပို့ အနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ အဓိကတင်ပိုခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂၇၆) သန်းကျော်ရရှိထားကြောင်းသိရ သည်။