စစ်သည်အစားခန့်ဝန်ထမ်းများခေါ်ယူခြင်း

၁။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများတွင် အောက်ဖော်ပြပါ ရာထူးများ၌ စစ်သည်အစားခန့်ဝန်ထမ်းများ ခန့်အပ်တာဝန်ပေးအပ်ရန် လိုအပ်လျက်ရှိပါသည်-

(က) ဂီတ(ဆိုင်းဝိုင်း)အဆို/အတီး(အမျိုးသား/အမျိုးသမီး)

(ခ) ဂီတ(ခေတ်ပေါ်)အဆို/အတီး(အမျိုးသား/အမျိုးသမီး)

(ဂ) ဇာတ်ဆောင်(ကဇာတ်)/ကဇာတ်(အမျိုးသား/အမျိုးသမီး)

(ဃ) ဂီတတီးမှုတ်သူ/ဂီတ(အမျိုးသား/အမျိုးသမီး)

၂။ အထက်ဖော်ပြပါရာထူးများအတွက် လိုအပ်သည့်အရည်အချင်းများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

(က) လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။

(ခ) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အသက် ၂၅ နှစ်မကျော်စေရ၊ အိမ်ထောင် မရှိဖူးသူ လူပျို/အပျိုဖြစ်ရမည်။ (မှတ်ချက်-အဆို၊ အကပညာရပ်များနှင့် ခေတ်ပေါ်တီးဝိုင်း၊ မြန်မာဆိုင်းဝိုင်းမှ တူရိယာတစ်မျိုးမျိုးတို့အား ကျွမ်းကျင်တတ်မြောက်သူဖြစ်ပါက အသက် ၃၀ နှစ်ထက်မကျော်ရ။)

(ဂ) စစ်မှုထမ်းနှင့် စစ်သည်အစားခန့် ဝန်ထမ်းများအတွက် အနည်းဆုံးပညာအရည်အချင်း လိုအပ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ဂီတ(ဆိုင်းဝိုင်း)၊ ဂီတ(ခေတ်ပေါ်)နှင့် ဂီတတီးမှုတ်သူ/ဂီတ။ စနစ်ဟောင်းပညာရေး ဆဋ္ဌမတန်းအောင် သို့မဟုတ် စနစ်သစ်ပညာရေး Grade-7 အောင်မြင်သော ပန်တျာကျောင်းဆင်းများ သို့မဟုတ် စနစ်ဟောင်းပညာရေး ဆဋ္ဌမတန်းအောင် သို့မဟုတ် စနစ်သစ်ပညာရေး Grade-7 အောင်မြင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဤရုံးကွပ်ကဲမှုအောက် တပ်များမှ ပညာရှင်များပါဝင်သော ဘုတ်အဖွဲ့ တစ်ခုခုဖြင့် စိစစ်ရာတွင် တူရိယာပစ္စည်းတစ်မျိုးအား သာမန်အဆင့် အထက် တီးမှုတ်နိုင်သူ ဖြစ်ရမည် သို့မဟုတ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ သတ်မှတ်ထားသော စာမေးပွဲ သို့မဟုတ် ဘုတ်အဖွဲ့ဖြင့် ကျွမ်းကျင်မှု စစ်ဆေးခြင်းကို အောင်မြင်ရမည်။

(၂) ဇာတ်ဆောင်(ကဇာတ်)/ကဇာတ်။ စနစ်ဟောင်းပညာရေး အဋ္ဌမတန်းအောင် သို့မဟုတ် စနစ်သစ်ပညာရေး Grade-9 အောင်မြင်သော ပန်တျာကျောင်းဆင်းများ သို့မဟုတ် စနစ်ဟောင်း ပညာရေး အဋ္ဌမတန်းအောင် သို့မဟုတ် စနစ်သစ် ပညာရေး Grade-9 အောင်မြင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဤရုံးကွပ်ကဲမှု အောက်တပ်များမှ ပါဝင်သော ဘုတ်အဖွဲ့တစ်ခုခုဖြင့် စိစစ်ရွေးချယ်ထားသူဖြစ်ရမည် သို့မဟုတ် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ သတ်မှတ်ထားသော စာမေးပွဲကိုအောင်မြင်ရမည်။

(ဃ) အနည်းဆုံး ၅ နှစ် အမှုထမ်းဆောင်နိုင်သူဖြစ်ရမည်။ လိုအပ်ပါက စစ်သည်/စစ်သမီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရမည်။

(စာချုပ်ချုပ်ဆိုဆောင်ရွက်ပါမည်။)

(င) လျှောက်ထားသူနှင့် မိဘညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် ပြစ်မှုကင်းရှင်းရမည့်အပြင် ပါတီနိုင်ငံရေးကင်းရှင်းသူများဖြစ်ရမည်။

(စ) နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

(ဆ) ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲဖြေဆိုအောင်မြင်ရမည်။

(ဇ) ကျန်းမာရေးဆေးစစ်မှုအောင်မြင်ရမည်။

၃။ အောက်ဖော်ပြပါရာထူးအသီးသီးအတွက် လိုအပ်သည့်အရည်အချင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဂီတ(ဆိုင်းဝိုင်း)နှင့် ဂီတတီးမှုတ်သူ/ဂီတ။ အောက်ပါတို့ကို တတ်သိနားလည်ရမည်-

(၁) သံစဉ်ရှိ သံမှန် ၅ ပေါက်/၆ ပေါက် စသည့်အသံများကိုခွဲခြားသိရမည်။

(၂) မြန်မာနရီစည်း၊ ဝါးလတ်စည်း၊ ကရောင်းစည်း စသဖြင့်ခွဲခြားသိရှိ၍ စည်းဝါးလိုက်နိုင်ရမည်။

(၃) တူရိယာတစ်ခုခုကို တေးသွားရိုးရိုးပေါ်အောင် တီးတတ်ရမည် သို့မဟုတ် အဆိုဘက်တွင် ဆိုမူအသံကောင်းမွန်ရမည်။

(၄) ဂီတသင်္ကေတတစ်ကြောင်းသွားကိုဖတ်တတ်ပြီး တီးတတ် သို့မဟုတ် ဆိုတတ်ရမည်။

(ခ) ဂီတ(ခေတ်ပေါ်)။ အောက်ပါတို့ကို တတ်သိနားလည်ရမည်-

(၁) တေးသီချင်းသံစဉ်အသံများကို ခွဲခြားသိရှိရမည်။

(၂) အခြေခံဂီတသင်္ကေတများကိုဖတ်တတ်ပြီး တီးတတ်/ဆိုတတ်ရမည်။

(၃) တူရိယာတစ်ခုခုကို တေးသွားပေါ်အောင်ဆိုတတ်ရမည်။

(ဂ) ဇာတ်ဆောင်(ကဇာတ်)^ကဇာတ်။ အောက်ပါတို့ကို တတ်သိနားလည်ရမည်-

(၁) ဇာတ်သီချင်းများ၊ ဇာတ်စကားများ စသည်တို့ကို လွယ်လွယ်နှင့်ကျက်မှတ်နိုင်ရမည်။

(၂) စည်းကိုက်၊ ဝါးကိုက် သီချင်းဆိုတတ်ရမည်။

(၃) အပြောသွက်လက်၍ သဏ္ဌာန်လုပ်သရုပ်ပေါ်အောင် ပြောဆိုအမူအရာ ထားတတ် ရမည်။

(၄) ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးကျပြေပြစ်စွာကနိုင်ရမည်၊ အနည်းဆုံးကဗျာလွတ်အက ၇ မျိုးကပြနိုင်ရမည်။

၄။ နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများတွင် တာဝန်ပေးအပ်ခြင်းခံရပါက နှစ်စဉ်ပြည်တွင်းရှိနေရာဒေသ အသီးသီးသို့ လှည့်လည်ဖျော်ဖြေရသော ဖျော်ဖြေရေးအဖွဲ့များနှင့် လိုက်ပါခရီးသွားနိုင်သူဖြစ်ရမည်။

၅။ စစ်သည်အစားခန့်ဝန်ထမ်းများအဖြစ် ခန့်အပ်ခွင့်ရရှိပြီးသူများသည် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များ ရရှိမည်-

(က) ဘွဲ့ရစစ်သည်အစားခန့်ဝန်ထမ်းများအနေဖြင့် တပ်ကြပ်ကြီး(အစားခန့်)အဆင့်မှ စတင်ခန့်အပ်၍ အခြေခံလစာ ၁၉၈ç၀၀၀ ကျပ်ရရှိမည်ဖြစ်ပြီး၂ နှစ်လျှင် ၁ ကြိမ်၊ နှစ်တိုးလစာ ၂ç၀၀၀ ကျပ်နှုန်းဖြင့် ၅ ကြိမ်ခံစားခွင့်ရှိမည်။

(ခ) ဘွဲ့မရရှိသော စစ်သည်အစားခန့်ဝန်ထမ်းများအနေဖြင့် တပ်ကြပ်(အစားခန့်)အဆင့်မှ စတင်ခန့်အပ်၍ အခြေခံလစာ ၁၈၀ç၀၀၀ ကျပ်ရရှိမည်ဖြစ်ပြီး ၂ နှစ်လျှင် ၁ ကြိမ်၊ နှစ်တိုးလစာ ၂,၀၀၀ ကျပ်နှုန်းဖြင့် ၅ ကြိမ်ခံစားခွင့်ရှိမည်။

(ဂ) တာဝန်ထမ်းဆောင်ရမည့်တပ်တွင်နေထိုင်ရန် အဆောက်အဦနှင့် ရေ/မီးစီစဉ်ပေးမည်။

(ဃ) ကျန်းမာရေးနှင့်ပတ်သက်၍ နီးစပ်ရာတပ်မတော်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်ရှိသည်။

(င) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများဖြစ်ပါက တာဝန်ထမ်းဆောင်စဉ်အတွင်း ဘွဲ့ရရှိနိုင်ရေး အတွက် အဝေးသင်တက္ကသိုလ် တက်ရောက်နိုင်ရန်ခွင့်ပြုပေးမည်။

(စ) တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အခြားသောအနုပညာဘာသာရပ်များ တိုးတက်မြင့်မား စေရေးအတွက် ကျွမ်းကျင်နည်းပြများနှင့် ထပ်မံ၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးမည်။

၆။ လျှောက်ထားလိုသူများအနေဖြင့် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မှော်ဘီမြို့၊ ရန်ကုန်မြို့)၊ အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို၊ နေပြည်တော်)၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲ(ရဲမွန်တပ်မြို့၊ ရန်ကုန်မြို့)၊ အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ(အင်းတိုင်၊ ရန်ကုန်မြို့)၊ အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(မန္တလေးမြို့)နှင့် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ရွှေညောင်မြို့)များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ အောက်ပါစာရွက်စာတမ်း ၂ စုံစီအား ၂၆ – ၁၂ – ၂၀၂၂ ရက်အရောက် ပေးပို့လျှောက်ထားရန်နှင့် လူတွေ့စစ်ဆေးမည့်ရက်/အချိန်/နေရာတို့ကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်သည်-

(က) ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဂ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ

(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် မြို့နယ်/ရပ်ကွက်အတွင်းနေထိုင်ကြောင်း ထောက်ခံချက်

(င) ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းထောက်ခံချက်

(စ) ပညာအရည်အချင်းအတွက် ဘွဲ့ရရှိသူများအနေဖြင့် ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာ မိတ္တူနှင့် ဘွဲ့မရရှိသူများအနေဖြင့် သက်ဆိုင်ရာကျောင်းများမှထောက်ခံချက်

(ဆ) မိဘ/ဆွေမျိုးများ၏ သဘောတူညီကြောင်းထောက်ခံချက်

(ဇ) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးကြောင်းအထောက်အထား

(ဈ) တစ်လအတွင်းရိုက်ကူးထားသော ပတ်စပို့(စ်)အရွယ် ကာလာဓာတ်ပုံ ၆ ပုံ။

၇။ သတ်မှတ်ထားသည့်အချက်အလက်များ၊ တိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမရှိသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)