တန်ဆောင်မုန်းလပြည့်အဖိတ်နေ့တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်လေး အပါအဝင် အခြားဆင်ဖြူတော်များနှင့် အဖော်ဆင်များအား အစာလာရောက်ကျွေးမွေးကြသူ များဖြင့်စည်ကားများပြား

မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွန်းပြသနေသည့် မြန်မာ့ဆယ်နှစ်လရာသီ ပွဲတော်များအနက်
တန်ဆောင်းမုန်းပွဲတော်တွင် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရား ကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ်သည်။
ထိုသို့ အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပသော ရာသီပွဲတော်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်အဖိတ်နေ့ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ
ဘုရား စေတီပုထိုး များတွင် ကုသိုလ်ပြုကြသူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကား သိုက်မြိုက် လျက်ရှိသည့်အပြင် နေပြည်တော်
ဥပါတ္တသန္တိစေတီတော်မြတ်ကြီးရှိ ဆင်ဖြူတော် ဆောင်တွင်အောက်တိုဘာလ(၃၀)ရက်က ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ် နှင့်
အဆောင်တော်တက်မင်္ဂလာပြုလုပ်ထားသည့် ရဋ္ဌနန္ဒက (ရဋ္ဌ=တိုင်းပြည်၊ နိုင်ငံ။ နန္ဒက=ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း) (မြန်မာ အဓိပ္ပာယ် အပြည့်အစုံ မှာ-တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ဆင်ဖြူတော်လေး အပါအဝင် အခြား ဆင်ဖြူတော်များနှင့် အဖော်ဆင်များအား သဒ္ဓါကြည်ဖြူစွာဖြင့် အစာလာရောက် ကျွေးမွေးကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသတင်းရရှိသည်။