၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော၃၂ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးပေါင်းစပ်ညှိနှိင်းအစည်းအဝေးကို မတ်လ၂၉ ရက် နံနက် ၉ နာရီက နေပြည်တော်၊ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ဆောင်တွင်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဦးမင်းသိန်းဇံ၊ဒုတိယဝန်ကြီးဦးမျိုးလှိင်နှင့် အားကစားအဖွဲချုပ်များမှ ဥက္ကဌများတက်ရောက်ခဲ့ကြောင်းသိရသည်။

၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ ၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မြန်မာအားကစားအဖွဲသည် အားကစားနည်း ၁၉ မျိုးဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ရာ အုပ်ချုပ်သူ ၂၈ ဦး၊ နည်းပြ ၇၈ ဦး၊ အားကစားသမား ၃၃၉ ဦးစုစုပေါင်းအဖွဲဝင် ၄၄၅ ဦးဝင်ရောက်ယှဥ်ပြိုင်မည်ဟုသိရသည်။