၂၀၂၃ခုနှစ်အတွက် ၂၀၂၂ခုနှစ်ထုတ် ကားမော်ဒယ်ပဲ တင်သွင်းရမယ်ဟုပြော

ဒီဇင်ဘာ ၁၉ရက်က ၂၀၂၃ ခုနှစ် မော်တော်ယာဥ်တင်သွင်းခွင့်အတွက် ၂၀၂၂ ခုနှစ်ထုတ် ကားတွေပဲ
တင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လာမည့် ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းခြင်းဆိုင်ရာခုနှစ် သတ်မှတ်ချက်အရ လူစီးယာဥ်များ
အတွက် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တင်သွင်းခွင့်ပြုမယ်လို့ဆိုပါတယ်။
မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး နှစ်စဉ်တင်သွင်းခွင့်ပြုတဲ့ သတ်မှတ်ချက်ကို ထုတ်ပြန်ပေးနေ
တာဖြစ်ပြီး မူဝါဒတွေကို ပြောင်းလဲတာမရှိဘူးလို့လည်းဆိုပါတယ်။
အဆိုပါ မော်တော်ယာဉ်တွေ တင်သွင်းရာမှာလည်း ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမယ်လို့လည်း
ဖော်ပြထားပါတယ်။
အများပြည် သူလမ်းပေါ်တွေမှာ မောင်းနှင်အသုံးပြုတာမရှိတဲ့ လုပ်ငန်းသုံး ယန္တရားတွေကိုတော့ ၂၀၀၉ ခုနှစ်နဲ့အထက်
ထုတ်လုပ်တဲ့ယာဉ်တွေကို တင်သွင်းခွင့်ပြုမယ်လို့ဆိုပါတယ်။