(၂၀၂၂-၂၀၂၃)ပညာသင်နှစ်ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့မှုမြင်ကွင်းများ

နေပြည်တော်၊ တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း  အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပညာရေးဒီဂရီ ကောလိပ် ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် မိထ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဘားအံပညာ ရေးဒီဂရီကောလိပ်အသင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ် အသင်းကို ၃ ဂိုး၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆုချီးမြှင့်ပွဲကို  တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ပထမဆုရရှိသည့် ဘားအံပညာရေးဒီဂရီကောလိပ် အသင်းကို ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

 (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ၏ အားကစားပြိုင်ပွဲရည်ရွယ်ချက်သည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲကိုလည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းမှာပင် ကျင်းပရန်ရှိကြောင်းလည်း သိရှိရပါတယ်။