မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းကစားသမား ယမင်းလွင်

သည်ရက်ပိုင်း မြန်မာဘောလုံးပရိတ်သတ်တွေ ဝိုင်းရံခံနေရသူလေးကတော့
မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖူးပြီး နောက်တန်းအစွန်မှာ
ကစားရတာကို နှစ်ခြိုက်တဲ့ ယမင်းလွင်ပဲဖြစ်ပါတယ်။
သက်တမ်းအလိုက်ပြိုင်ပွဲတွေ မှာလည်း လက်ရွေးစင်ဖြစ်ခဲ့ဖူးပြီး
လက်ရှိအချိန်မှာ လက်ရွေးစင်အသင်းကြီးမှာ ပြန်လည်ပါဝင်ခွင့်ရဖို့အတွက်
ယမင်းလွင် တစ်ယောက် သစ္စာအားမာန်အသင်းနဲ့အတူ ကြိုးစားလျှက်ရှိပါတယ်။
ငယ်စဥ်က ဘောလုံးကစားတာကို မိခင်ဖြစ်သူက အားမပေးတဲ့အတွက်
အမေ မသိအောင် ကြိုးစား ကစားခဲ့ရတဲ့ ယမင်းလွင်ဟာ သည်ရက်ပိုင်းမှာတော့
ဘောလုံးအပြင် သူမရဲ့ ချစ်စဖွယ်ဟန်ပန်ကြောင့် ဆိုရှယ်မီဒီယာတွေထက်မှာ
အတွေ့ရများလာခဲ့ပါတယ်။
မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းမှာ အမျိုးသားပုံစံ ဖိုက်တာ ကစားသမားတွေ အများစု
ပါဝင်ပေမယ့် သည်ထဲမှာ ယမင်းလွင်ကတော့ တမူထူးခြားစွာ ပဲ ထင်ထင်ပေါ်ပေါ် ရှိလာခဲ့ပါတယ်
ခြေစွမ်းတိုးတက်သထက်တိုးတက်ပြီး လက်ရွေးစင်အသင်းကြီးမှာ အမြန်ဆုံးပြန်လည်
ရွေးချယ်ခံရပါစေလို့ အားပေးရင်း ယမင်းလွင်ကို ဝိုင်းရံလိုက်ကြရအောင်လား ဂေါင်းကြီး တို့ရေ..

CRD;