ဧပြီလတွင် ရောက်ရှိနိုင်သော အမြင့်ဆုံးအပူချိန်များ

၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည်နှင့်အညီ ပူပြင်းခြောက်သွေ့ခြင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့ရနိုင်မည်ဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ဇန်နဝါရီလအတွင်း အားအကောင်းဆုံး အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီလကုန်အထိ ဆက်လက်ရှိနေနိုင်ကာ ဧပြီလမှဇွန်လအတွင်း အယ်လ်နီညိုမဟုတ်/လာနီညာမဟုတ်သော ENSO-NEUTRAL ဖြစ်နိုင်ချေ ၈၃% ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း လာနီညာရာသီဥတု ဖြစ်နိုင်ချေတဖြည်းဖြည်းမြင့်လာပြီး လာနီညာဖြစ်နိုင်ချေ ၆၂% အထိ ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရာသီဥတုလေ့လာစောင့်ကြည့်သူသိပ္ပံပညာရှင်များ၊ မိုးလေဝသဌာနကြီးများက ခန့်မှန်းထုတ်ပြန်ထားကြပါသည်။ ရက်ဝေးကြိုတင်ခန့်မှန်းချက်များတွင်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကာလအတွင်း လာနီညာဖြစ်နိုင်ချေ ၈၀%  မှ ၈၅% အထိ ရှိလာနိုင်ကြောင်းခန့်မှန်းချက်များကိုလည်းတွေ့ရပါသည်။

မြန်မာနိုင်ငံ၏ မိုးဦးကာလတွင် ဧပြီလသည် အပူရှိန်အပြင်းဆုံးသောလ တစ်လဖြစ်လာနိုင်ပြီး တိုင်းနှင့်ပြည်နယ်ဒေသအချို့ ၌ အပူချိန် ၄၀°C အထက် မှ ၄၅°C အထက်အထိရောက်နိုင်ကြောင်း၊ မိုးဦးကာလအတွင်း အများအားဖြင့်မေလမှ စတင်၍ စက်တင်ဘာလအထိ မိုးများလာနိုင်ကြောင်း၊ နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းအထိ မိုးရွာနိုင်မည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါသည်။

  • AYARWADY ဧရာဝတီတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • BAGO ပဲခူးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • CHIN ချင်းပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။

  • KACHIN ကချင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • KAYA ကယားပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • KAYIN ကရင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • MAGWAY မကွေးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • MANDALAY မန္တလေးတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • MON မွန်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • NAYPYITAW နေပြည်တော်တိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • RAKHINE ရခိုင်ပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • SAGAING စစ်ကိုင်းတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

  • SHAN ရှမ်းပြည်နယ်

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၀°C အထက်ရှိမည်။

  • TANINTHARYI တနင်္သာရီတိုင်း

ဧပြီလ သည်အပူဆုံးလ၊ အပူချိန် ၃၅°C အထက်ရှိမည်။

  • YANGON ရန်ကုန်တိုင်း

မတ်၊ ဧပြီလနှင့် မေလတို့သည်အပူဆုံးလ၊ အပူချိန် ၄၀°C အထက်ရှိမည်။

ဖြစ်ပေါ်လာနိုင်သော အပူချိန်များနှင့် မိုးလေဝသခန့်မှန်းချက်များကို ကြိုတင်သိရှိနိုင်ဖို့ ဖော်ပြပါ ဝက်ဘ်ဆိုဒ်ကိုလည်း မပြတ်စောင့်ကြည့်လေ့လာကြစေချင်ပါတယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”