မေတ္တာစိတ်ဆိုတာ..

မေတ္တာစိတ် ဆိုတာ ထပ်တလဲလဲ ဖြစ်နေအောင် လုပ်နေရမယ်။”

”မအိပ်ချင်သေးသမျှ မေတ္တာပွားနေပါတဲ့။”

တချို့က မေတ္တာပို့လေးရွတ်ပြီးရင် အိပ်လိုက် ကြ တယ်။ပြီး ရော။တွေးတဲ့အခါ လျှောက်တွေးချင် တွေးမယ်။

အမုန်းတရားတွေလည်းဝင်ချင်ဝင်လာမယ်နော်။

“သဗ္ဗေသတ္တာ အဝေရာဟောန္တု”လို့ မေတ္တာလေးပို့
ပြီးတော့အိပ်ရင်လုံလောက်ပြီထင်ကြတယ်နော်။

တကယ်တမ်းက“မေတ္တာစိတ်”ဆိုတာ ထပ်တလဲလဲ ဖြစ်နေအောင်လုပ်နေရမယ်။

ကမ္မဋ္ဌာန်းတရားအားထုတ်တာပဲ။

ဒါလည်းထွက်လေ ၀င်လေမှတ်နေသလိုပဲ။

မေတ္တာစိတ်ကလေး ကိုယ့်သန္တာန်မှာ မပြတ် ဖြစ်နေအောင် လုပ်ပါလိုဒီလိုပြောတာ။

အဲဒါမှကမ္မဋ္ဌာန်း ဖြစ်မှာ။

မေတ္တာဘာဝနာပွားလို့ရှိရင် ဈာန်အထိရနိုင်တယ်။ 🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ