အေဂျက်စတားကိုခေါ်ဖို့ အာဆင်နယ် သဘောတူညီမှုရ

အာဆင်နယ်ဟာ ယူရီယန် တင်ဘာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့သလို အေဂျက်နောက်ခံလူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
တင်ဘာဟာ အာဆင်နယ်နဲ့ ၅နှစ်စာချုပ် ချုပ်ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အေဂျက်မှာ သူ့ရဲ့ လက်ရှိလစာ နှစ်ဆဖြစ်တဲ့ တစ်ရာသီ ယူရို၈သန်းဝန်းကျင် ရရှိသွားမှာပါ။

ဂန်းနားတွေနဲ့ အေဂျက်ဟာ အပိုဆုကြေးတွေမပါပဲ ပြောင်းရွှေ့ကြေး ယူရို၄၅သန်းဝန်းကျင်နဲ့ ညှိနှိုင်းမှုအဆင်ပြေဖို့ မျှော်လင့်ရပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်က ဂန်းနားတွေရဲ့ ကနဦး ကမ်းလှမ်းမှုထက် အတော်လေး ပိုများပါတယ်။
တင်ဘာဟာ အရင်တုန်းက နည်းပြဟောင်း တန်ဟက်ရှိရာ မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပြီး ဘိုင်ယန်ကလဲ သူ့ကိုခေါ်ဖိ့ ကြိုးစားခဲ့ပေမယ့် အခုတော့ မြောက်လန်ဒန်ကို ရောက်ရှိသွားမယ့် အနေအထား ဖြစ်ပါတယ်။

တင်ဘာဟာ ဖီယင်နု လူငယ်အကယ်ဒမီမှာ စတင်ခဲ့ပြီးတော့ ၂၀၁၄ မှာ အေဂျက်အကယ်ဒီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကနေ စီနီယာအသင်းကြီးရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့သလို အေဂျက်အတွက် ပြိုင်ပွဲစုံ ၁၂၁ ပွဲ ကစားပေးခဲ့ပါတယ်။
ဂန်းနားတွေဟာ သူတို့ရဲ့ နောက်ဆုံးအသစ်ခေါ်ယူမှုအဖြစ် တင်ဘာကို မကြေညာနိုင်ခင်မှာ အေဂျက်နဲ့ သဘောတူညီမှု အသေးစိတ်တွေကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။

credit