မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

(၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်သူ့အာကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ပါတယ်။ အဆိုပ်အခမ်းအနားတွင် အထိမ်းအမှတ်နေ့ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ဆုရရှိသူများနှင့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရာတွင် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။