အာဟာရပြည့် ကန်စွန်းဥဆန်ပြုတ်ချိုလေး

ပါဝင်ပစ္စည်းများ

  • ခနောဆန်ပြုတ် ၁ ထုပ်
  • နွားနို့ ၃၀၀ မီလီလီတာ
  • ကန်စွန်းဥပြုတ်ပြီးသား ၅၀ ဂရမ်
  • ငှက်ပျောသီး ၁ လုံး
  • သီဟိုဠ်စေ့လှော် ထမင်းစားဇွန်း ၁ ဇွန်း ၊ ချေထားပါ
  • ထောပတ်သီး ၁ လုံး
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပြုတ်ထားတဲ့ ကန်စွန်းဥကို အနှစ်ရအောင် ချေထားပါ။ ခနောဆန်ပြုတ်နဲ့ နွားနို့ကို အိုးထဲ ထည့်ပြီး ပွက်ပွက်ဆူကာ ပျစ်လာတဲ့အထိ တည်ပါ။ သကြားထည့်ပြီး ပျော်ဝင်သွားအောင် သေသေချာချာ မွှေပေးပါ။
  2. သကြားတွေ ပျော်ဝင်သွားပြီဆိုရင်တော့ အိုးပေါ်မှ ချပြီး ပန်းကန်လုံးထဲ ထည့်ကာ မိနစ် ၃၀ ခန့် အအေးခံထားပါ။
  3. ဆန်ပြုတ်အေးသွားပြီဆိုရင် ငှက်ပျောသီး၊ ထောပတ်သီးနဲ့ သီဟိုဠ်စေ့လှော်လေး ဖြူးကာ သုံးဆောင်နိုင်ပါပြီ။