အာရှဖလားပြိုင်ပွဲအတွက် တရုတ်ကိုရောက်လာတဲ့ အယ်နာဆာအသင်း

ခြေစမ်းပွဲကစားဖို့အတွက် တရုတ်နိုင်ငံကိုရောက်နေတဲ့ ဆော်ဒီကလပ်၊ အယ်နာဆာအသင်းရဲ့လူစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အာရှဖလားပြိုင်ပွဲရှိတဲ့အတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို ရပ်နားထားရတာကြောင့် အယ်နာဆာအသင်းဟာ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

ခြေစမ်းပွဲကစားမယ့် အယ်နာဆာအသင်းသားတွေဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ယမန်နေ့က ရောက်လာခဲ့တာဖြစ်ပြီး တရုတ်ပရိသတ်တွေကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။

ရော်နယ်ဒိုပါဝင်လာတဲ့ အယ်နာဆာအသင်းဟာ ဇန်နဝါရီ ၂၄ ရက်တွင် ရှန်ဟိုင်းရှင်ဟွာ၊ ဇန်နဝါရီ ၂၈ ရက်တွင် ကျစ်ကျောင်းအသင်းများနှင့် ခြေစမ်းပွဲ ကစားသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အယ်နာဆာအသင်းဟာ အခုရာသီ၊ ဆော်ဒီပရိုလိဂ် (၁၉)ပွဲကစားပြီးချိန်မှာ (၁၅)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယား ရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။