ရှင်ကြီးကျားထက်ဆိုးစကားပုံအတိုင်းဖြစ်နေတဲ့ SSPP/SSA

SSPP/SSA အနေဖြင့် ၂၀၂၁/၂၀၂၂ ခုနှစ် ရှမ်းပြည်တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း RCSS/SSA ကိုတိုက်ဖို့ TNLA နဲ့အခြားသောအဖွဲ့တွေနဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့ရတယ်။ RCSS တိုတိုက်ဖို့ သူပေါင်းခဲ့တဲ့ အဖွဲ့တွေက အခုတော့ သူတို့လှုပ်ရှားနေတဲ့ နယ်မြေတွေကို ပေါ်တင်ယူနေလေပြီ။ အခုချိန်မှာတော့ SSPP/SSA အနေနဲ့ ဘယ်လိုလုပ်ရမှန်း မသိတဲ့ အကျပ်ရိုက်တဲ့ ကာလပေါ့။ ရှမ်းပြည်နယ်တိုးတက်ရေး၊ ရှမ်းပြည်သူများတိုးတက်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ SSPP/SSA အနေနဲ့ သူတို့ကိုယ်တိုင်ပဲ သူတို့ပြည်ကိုဖျက်ဆီးမယ့် အကြမ်းဖက်တွေကို ခေါ်ဆောင်ခဲ့သလိုပဲ မြွေပွေးခါးပိုက် ပိုက်နေရပြီ။

TNLA က ရှမ်းနယ်မှာ နေပြီး သူတို့ ဆက်ကြေးကောက်မရတော့မှာ၊ လူသစ်စုမရမှာစိုးလို့ SSPP/SSA ကို လူမစုရန်နှင့် ဆက်ကြေးမကောက်ရန် စာထုတ် ရှမ်းလူမျိုးတွေကို ရှမ်းလက်နက်ကိုင်တွေ မအုပ်ချုပ်နဲ့ ပလောင်တွေပဲ အုပ်ချုပ်မယ်ဆိုတဲ့ သဘောလား???ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးစကားပုံအတိုင်းဖြစ်လာနေရတဲ့ SSPP/SSA….