အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် ကျေးရွာမဏ္ဍပ် တွင် ရေကစားနေသည့် အပြစ်မဲ့ပြည်သူများအား PDF များက drone ဖြင့် ဗုံးချတိုက်ခိုက် အပြစ်မဲ့ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရ

မနေ့က ညနေ ၆ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် ကျေးရွာမဏ္ဍပ်တွင် ရေကစားနေသည့် အပြစ်မဲ့ပြည်သူများအား PDF များက drone ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ PDF အကြမ်းဖက်များက မိုက်ရိုင်းယုတ်မာစွာဖြင့် Drone ဖြင့် ဗုံးကျဲချတိုက်ခိုက်မှုကြောင့် မဏ္ဍပ်တွင် ရေကစားနေသည့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၃ ဦးတို့မှာ ဗုံးစထိမှန်ဒဏ်ရာများစွာရရှိခဲ့ကြောင်း သိရှိရပြီး အရာတော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ပွဲတော်များတွင် လူစည်ကားသည့်နေရာများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သည် pdf အကြမ်းဖက်သမားများသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့်အပြည်ပြည်ဆိုင်ရာ ဉပဒေတို့အရ စစ်ရာဇဝတ်ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။