အယ်လ်အစ်တီဟတ်ကို ရောက်သွားတဲ့ ဖာဘင်ဟို

လီဗာပူးလ်ကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ဆော်ဒီလိဂ်ကလပ် အယ်လ်အစ်တီဟတ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ နဲ့ရောက်ရှိခဲ့ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

၂၉ နှစ်အရွယ် ဖာဘင်ဟိုဟာ ၂၀၁၈ ဇူလိုင်က မိုနာကိုကနေ လီဗာပူးလ်ကို ရောက်ရှိလာသူဖြစ်ပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။