ရန်ကုန်ဘူတာကြီးကနေ ခရီးဝေးရထားစီးနင်းသူ များလာ

ရန်ကုန်ဘူတာကြီးကနေ ခရီးဝေးရထားစီးနင်းသူ ယခုအခါမှာ ပြန်လည်များပြားလာပြီး တစ်နေ့ကို ခရီးသည်အရေအတွက် ၁၉၀၀ခန့်ရှိကြောင်းမြန်မာ့မီးရထားကနေသိရပါတယ်။

ပြီးခဲ့တဲ့ကိုဗစ်ကာလ က မီးရထားစီးနင်းကာ ခရီးသွားသူအရေအတွက်လျော့ကျခဲ့ပြီး ရထားခရီးအချို့လည်းရပ်နားမှုတွေရှိခဲ့ပြီး ယခုကာလမှာတော့ မိုးတွင်းကာလဖြစ်ပေမယ့် ခရီးဝေးခရီးစဉ်ရထားစီးနင်သူတွေတိုးလာနေတယ်လို့ဆိုပါတယ်။

ရန်ကုန်ဘူတာကြီးကနေ ပုံမှန်အနေနဲ့ ခရီးဝေး ရထားခရီးစဉ်တွေကို ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်- ပြည်နဲ့ ရန်ကုန်- ပဲခူးခရီးစဉ် တွေကိုပုံမှန်ပြေးဆွဲနေတယ်လို့သိရပါတယ်။