အမှားကိုသိ အမှန်ပြင်လာသူများ

အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။ အလင်းဝင်ရောက်လာသော PDF များနှင့် အတူလက်နက်ခဲယမ်းများနှင့် လက်လုပ်ဒရုန်းများပါ ပါဝင်ပါတယ်။ အကြမ်းဖက်များကို မလိုလားတဲ့ ပြည်သူတွေက သတင်းပေးမှုတွေ..ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုများကြောင့် ဧရာဝတီတိုင်းအတွင်းမှာ အကြမ်းဖက်တို့အတွက် နေစရာမရှိတာကြောင့်လည်း ဖြစ်ကြသလို အသိစိတ်ဝင်ပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မယ်ဆိုကာ အလင်းဝင်ရောက်လာကြသူတွေတွေလည်း အများအပြားရှိလာကြောင်း ကိုလည်း တွေ့မြင်လာနေရပါတယ်။